အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်း ဦးဆောင်သည့် အဖွဲ့တို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ၊ ကုသရေးဆေးဝါး ၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေး နှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကုမ္ပဏီ နှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင် ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။