အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ နောင်ယားကန်နှင့် မင်းချောင်းကန်သာသို့ ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး ၊ ငါးမျိုးပြန့်ပွားစေရေး ၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် တတိယအကြိမ်ငါးမျိုးများ စိုက်ထည့်မှုအဖြစ် ယနေ့နံနက် ၉ နာရီတွင် လွိုင်ကော်မြို့နယ် ၊ နောင်ယားကန် တွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊ ခေါင်းကြီးငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀) ၊  မင်းချောင်းကန်သာတွင် ထိုင်းငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅၀၀၀) နှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀) တို့အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ် ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတက်ရောက်၍ ငါးမျိုးများစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။