အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ ပုပ္ဗါရုံ ကျောင်းတိုက်အား(Lock Down)ချမှတ်

ကျန်းမာရေးဝန်ကြီးဌာန၊ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ၂၁၊ပုဒ်မခွဲ(ခ)ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်ရှိ ပုပ္ဗါရုံကျောင်းတိုက်အား(Lock Down)ချမှတ်ခဲ့ကြောင်းသိရှိရသည်။

ကယားပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(Coronavirus Diease-2019)ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာလွိုင်ကော်မြို့ ပုပ္ဗါရုံ ကျောင်းတိုက်တွင် ရဟန်းသံဃာ(၁၄၇)ပါးရှိသည့်အနက် (၂၂.၈.၂၀၂၁) ရက်နေ့မှ (၃၆)ပါးစစ်ဆေးရာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ(၂၆)ပါး တွေ့ရှိရပါသဖြင့် ပုပ္ဗါရုံကျောင်းတိုက်အား(Lock Down)ချမှတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍အဆိုပါကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်သောရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များသည်ကျောင်းတိုက်ပြင်ပသို့ထွက်ခွာခြင်း၊ကျောင်းတိုက်ပြင်ပမှရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များနှင့်စကားပြောဆိုဆက်သွယ်ခြင်းများမပြုလုပ်ရန်နှင့်ကျောင်းတိုက်ပြင်ပမှလည်းကျောင်းတိုက်တွင်းရှိရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များနှင့်စကားပြောဆိုဆက်သွယ်ခြင်းမပြုလုပ်ရန်ချမှတ်ခဲ့ပါသည်။

ထိုသို့ချမှတ်ထားခြင်းကိုလိုက်နာရန် ပျက်ကွက်ခဲ့ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုအသိပေးကြေငြာအပ်ပြီး ထိုအမိန့်ချမှတ်ချက်သည် ယမန်နေ့(၁၈:၀၀)နာရီမှ စတင်သက်ရောက်ပါကြောင်းသတင်းရရှိသည်။