အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ညမထွက်ရန် အချိန်ပြင်ဆင်ပြောင်းလဲသတ်မှတ်သည့် အမိန့်ထုတ်ပြန်

လွိုင်ကော်မြို့နယ် နယ်နိမိတ်အတွင်း လူတစ်ချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြစ်မှုဆောင်ရွက်လျက်ရှိရာ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွားအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် လွိုင်ကော်မြို့နယ်တွင် စုဝေးခြင်း ၊ ဟောပြောခြင်း ၊ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း ၊ လှုံ့ဆောင်ဆန္ဒပြခြင်း ၊ ဖျက်ဆီးခြင်း ၊ ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန်နှင့် လူ(၅)ဦးသို့မဟုတ်(၅)ဦး ထက်ပိုသောသူများသည် လွိုင်ကော်မြို့နယ်အတွင်း လမ်းမကြီးများ ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ် ၊ လမ်းကြား ၊ ဥယျာဉ်သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန် ဇူလိုင်လ (၁၂)ရက်နေ့မှစ၍ နေ့စဉ်ည(၁၀)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိ ညမထွက်ရန်အမိန့်အား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့၏ ဩဂုတ်လ ၂၃ ရက်နေ့ ရက်စွဲပါစာအမှတ် ၊ ၄/၈-၁၂၂(၇၆၇) ဦး ၅ဖြင့်ညွှန်ကြားလာမှုအရ လွိုင်ကော်မြို့နယ်အတွင်း နေ့စဉ်ည(၁၀)နာရီမှ နောက်တစ်နေ့နံနက်(၄)နာရီအချိန် ထိအစား ၂၀၂၁ခုနှစ် ၊ ဩဂုတ်လ ၂၃ ရက်နေ့မှစ၍ နေ့စဉ် ည(၈)နာရီမှ နောက်တစ်နေ့နံနက်(၄)နာရီအချိန် အတွင်း ညမထွက်ရန် အချိန်ပြောင်းလဲသတ်မှတ်သည့်အမိန့်အား ထုတ်ပြန်ခဲ့ကြောင်း လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံမှသိရသည်။