အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်နှင့် ဆေးခန်းပိုင်ရှင်များအား တွေ့ဆုံဆွေးနွေး

ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်နှင့် ဆေးခန်းပိုင်ရှင်များအား တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် စည်ပင်သာယာရေးရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကယားပြည်နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ် ၊ ကုသရေးဆေးဝါး ၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး ၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေး နှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကုမ္ပဏီ နှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆေးဆိုင်နှင့် ဆေးခန်းပိုင်ရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။