အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၏ လမ်းညွှန်ချက်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်း စီမံချက်ဖြင့် လုပ်ငန်းများအား ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက် အရ ကယားပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာများနှင့်တပ်ရင်းတပ်ဖွဲ့ များတွင်ဆောင်ရွက်ပေးခဲ့သည်။

ယနေ့အထိကယားပြည်အတွင်းရှိမြို့နယ်( ၇) မြို့နယ်တွင် အိမ်ထောင်စု လူဦရေစာရင်း (၈)စု ၊ လူဦးရေ (၃၆)ဦး/အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်(၅၀)ဦး/အသ်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် (၁၂)ဦး/
အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ်(၇၀)ဦး)/မိတ္တူ (၁၄)ဦး/စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၁၄၆)ဦးအားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့်ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။