အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၄၆) ဉီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၈၁၁)ဉီးရှိပြီး ယနေ့ သေဆုံးမရှိ

ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဆေးရုံများ၌ ၁၉-၈-၂၀၂၁ ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများနှင့် ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၅၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၄၆) ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၉) ဦး ၊ သူနာပြုသင်တန်းကျောင်းတွင် (၇)ဦး ၊သာဝတ္ထိကျောင်းတိုက်တွင်(၅)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင်(၄)ဦး၊ လိုခါးလို အထက တွင် (၂၁) ဦးထားရှိကုသပေးလျက်ရှိပြီးယနေ့တွင်သေဆုံးမရှိကြောင်းသိရသည်။

ယနေ့အထိ ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၄၆) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၁၂၉၆) ဦးရှိပြီး ဆေးရုံဆင်း လူနာ(၈၁၁)ဦး ၊ သေဆုံးလူနာ စုစုပေါင်း (၅၆) ဦးရှိကြောင်းနှင့် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၉၇) ဦး ၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၄၂)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၁၁၀) ဦး ၊ သာဝတ္ထိကျောင်းတိုက်တွင်(၅)ဦး ၊ သူနာပြုသင်တန်းကျောင်း Positive Quarantine Centre တွင် (၉၈) ဦး၊ ရွှေတောင်ကျောင်းတိုက်တွင် (၅၀)ဦး ၊ ပြည်နယ်ရဲရိပ်သာတွင် (၂၅)ဦး ၊ စစ်ဆေးရုံတွင် (၂)ဦး စုစုပေါင်း (၄၂၉) ဦးကုသ ပေးလျက် ရှိကြောင်းကယားပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။