အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့ရွှေတောင်ဘုန်းတော်ကြီးကျောင်းတိုက်အား(Lock Down)ချမှတ်

ကျန်းမာရေးဝန်ကြီးဌာန၊ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ၂၁၊ပုဒ်မခွဲ(ခ)ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍လွိုင်ကော်မြို့ရွှေတောင်ဘုန်းတော်ကြီးကျောင်းတိုက်အား(Lock Down)ချမှတ်ခဲ့ကြောင်းသိရှိရသည်။ကယားပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(Coronavirus 
Diease-2019)ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာလွိုင်ကော်မြို့ရွှေတောင်ဘုန်းတော်ကြီးကျောင်းတိုက်တွင်ရဟန်းသံဃာ(၁၉၉)ပါးရှိသည့်အနက်(၁၁.၈.၂၀၂၁)ရက်နေ့မှ(၁၉.၈.၂၀၂၁)ကိုဗစ်၁၉ဓာတ်ခွဲအတည်ပြုလူနာ(၅၂)ပါးတွေ့ရှိရပါသဖြင့်ရွှေတောင်ကျောင်းတိုက်အား(Lock Down)ချမှတ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍အဆိုပါကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်သောရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များသည်ကျောင်းတိုက်ပြင်ပသို့ထွက်ခွာခြင်း၊ကျောင်းတိုက်ပြင်ပမှရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များနှင့်စကားပြောဆိုဆက်သွယ်ခြင်းများမပြုလုပ်ရန်နှင့်ကျောင်းတိုက်ပြင်ပမှလည်းကျောင်းတိုက်တွင်းရှိရဟန်းသံဃာ၊သာမဏေ၊လူပုဂ္ဂိုလ်များနှင့်စကားပြောဆိုဆက်သွယ်ခြင်းမပြုလုပ်ရန်ချမှတ်ခဲ့ပါသည်။ထိုသို့ချမှတ်ထားခြင်းကိုလိုက်နာရန်ပျက်ကွက်ခဲ့ပါကတည်ဆဲဥပဒေများအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုအသိပေးကြေငြာအပ်ပါသည်။ထိုအမိန့်ချမှတ်ချက်သည်ယနေ့(၁၈:၀၀)နာရီမှစတင်သက်ရောက်ပါကြောင်းသတင်းရရှိသည်။