အဓိကအကြောင်းအရာသို့ သွားမည်
x

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များ ပြည်သူများ ပိုမိုသိရှိနိုင်ရေး အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ ၊ လမ်းဆုံလမ်းခွများ နှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြောအသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ကပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ 

လွိုင်‌ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားလာသောကြောင့်  မိဘပြည်သူများ အနေဖြင့် လက်ရှိအခြေအနေတွင် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှ လာသောဧည့်သည်များအား လက်မခံပါရန် ၊ အရေးကြီးကိစ္စကြောင့် အပြင်သွား ရပါကပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း များကိုရှောင်ကြဉ်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောရန် ၊ လက်ကိုဆေးကြေားခြင်းမပြုဘဲ ပါစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ကြရန် ၊ နေထိုင်ရာအခန်းကို လေဝင်လေထွက်ကောင်း လုပ်ဆောင်ရန် ၊ အပြင်မှပြန်လာတိုင်း ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျစွန့်ပြစ်ရန် ၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြား ချက်များကို မိဘပြည်သူများ အနေ့ဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဇွန်လ ၂၉ ရက်နေ့ မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာစုစုပေါင်းမှာ (၁၂၅၀)ဦးရှိပြီး ၊ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း (၇၈၄) ဦး ရှိခဲ့ကာ ပိုးတွေ့သေဆုံးသူစုစုပေါင်း(၅၆) ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။