အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် နှင့် တာဝန်ရှိသူတို့က ဆန် ၊ ဆီ ၊ ကြက်သွန် ၊ ကုလားပဲ ၊ ငါးသေတ္တာ ၊ ငါးပိနှင့် ငါးခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးစန်းဝင်းက ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။