အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို မိမိကိုယ်တိုင်ဦးဆောင်၍ အဖွဲ့ဝင် (၂၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီဖြစ်ကြောင်း ၊ ထို့အပြင် ခရိုင်/မြို့နယ်အလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီဖြစ်ကြောင်း ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍အဖွင့်အမှာစကားတွင်ပြောကြားခဲ့ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ၊ ဗိုလ်ချုပ် နီလင်းအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း  ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍လည်းကောင်း  ဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ၊ ဗိုလ်ချုပ် နီလင်းအောင်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။