အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း (၃၉၄)ဦးအတွက် ချီးမြှင့်ငွေပေးအပ်

ကယားပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၃၉၄) ဦးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က ၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ် အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရှိိသမျှသောအင်အားဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ ၊ ကုသရေးလုပ်ငန်းများကိုဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများကို အားပေးသည့်အနေဖြင့် ယခုလိုချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း ပြည်နယ်ကုသရေး ဦးစီးဌာန နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများရဲ့ ကျန်းမာရေးအဆင့်အတန်း မြှင့်မားလာစေရေး ၊ ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေး တို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း ၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ဆေးရုံများ ၊ ကျန်းမာရေးဌာနများရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အဖွင့်အမှာ စကားတွင်ပြောကြားသည်။ 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် မှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး တာဝန်ထမ်းဆောင် နေကြသော ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ(၁၁၂) ဦး ၊ ပုံမှန်တာဝန်များကို ဆောင်ရွက်ပေးသော ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနတို့မှ ဝန်ထမ်း (၁၃၂) ဦး ၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၃၉၄) ဦး တို့အတွက် ချီးမြှင့်ငွေကျပ် (၃၂၈) သိန်းကို ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးလွင် နှင့် လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်တို့ထံ ပေးအပ်ခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ အဆောက်အဦ  (၂)လုံးတည်ဆောက်ခြင်းနှင့် ဂိတ်တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောက်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား အချိန်မှီပြီးစီးအောင် ဆောင်ရွက်သွားကြရန်လမ်းညွှန် မှာကြားခဲ့ ကြောင်းသတင်းရရှိသည်။ 
အဆိုပါ အခမ်းအနားသို့  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ နှင့် ပြည်နယ်ဝန်ကြီးများ ၊ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ဌာနဆိုင်ရာများ နှင့်ကျန်းမာရေးဝန်ထမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။