အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေးကိစ္စများအတွက် ဆန် ၊ ဆီ ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ ၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေးကိစ္စများအတွက် ဆန် ၊ ဆီ ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါ စာသင်တိုက်များ၊  ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကယားပြည်နယ်အစိုးအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးထိန်ဝင်းက လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် (၁၃)ကျောင်းမှ သံဃာတော် (၈၄၁)ပါးတို့အား ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆန် (၁၂၁)အိတ် ၊ ဆီ(၅)ပိဿာပုံး (၂၇ )ပုံး ၊ ပဲ (၃၆၃) ပိဿာ ၊ ကြက်ဥ(၂၅၁၇)လုံး ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) (၈၄၁) ဗူး ၊ လက်သန့်ဆေးရည် (၈၇) ဗူး ၊ လက်ဆေးဆပ်ပြာ(ကာဘော်လစ်) (၈၇)ခဲ တို့ကိုလည်းကောင်း ၊ သီလရှင်စာသင်တိုက် (၃)ကျောင်းမှ သီလရှင်(၁၁၀)ပါးတို့အား ဆွမ်းကွမ်းအဆင်ပြေစေရေးအတွက် ဆန်(၁၅)အိတ် ၊ ဆီ(၅)ပိဿာ(၅)ပုံး ၊ ပဲ (၄၅)ပိဿာ ၊ ကြက်ဥ (၃၃၀)လုံး ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) (၁၁၀)ဗူး ၊ လက်သန့်ဆေးရည် (၁၁)ဗူး ၊ လက်ဆေးဆပ်ပြာ(ကာဘော်လစ်) (၁၁)ခဲ တို့ကိုလည်းကောင်း လှူဒါန်းခဲ့သည်။ 
ယနေ့လှူဒါန်းမှုအနေဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ  ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများရှိ သံဃာတော် နှင့် သီလရှင် စုစုပေါင်း (၉၅၁)ပါးတို့အား ဆန် (၁၃၆)အိတ် ၊ ဆီ(၅)ပိဿာပုံး (၃၂ )ပုံး ၊ ပဲ (၄၀၈) ပိဿာ ၊ ကြက်ဥ(၂၈၄၇)လုံး ၊ နှာခေါင်းစည်း(Mask) (၉၅၁) ဗူး ၊ လက်သန့်ဆေးရည် (၉၈) ဗူး ၊ လက်ဆေးဆပ်ပြာ(ကာဘော်လစ်) (၉၈)ခဲ တို့ကို လှူဒါန်းခဲ့ကြောင်းသိရသည်။