Skip to main content
x

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်း က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်ကော်ခရိုင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း နှင့် လူထုအခြေပြုဗဟိုဌာန(Community Centre)လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကယားပြည်နယ်ရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံးသို့ သွားရောက်ပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လွိုင်ကော်ခရိုင် ပြည်သူ့စာကြည့်တိုက်အတွင်း သုတ/ရသ စာအုပ်စာစောင်များ ခင်းကျင်းထားရှိမှု ၊ Digital Library Management System (DLMS) စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ပြတိုက်ငယ်(Mini Museum) ခင်းကျင်းထားရှိမှု၊ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ သင်တန်းခန်းမများ ပြင်ဆင်ထားရှိမှု၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းနှင့် ကလေးစာဖတ်ခန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ 
ပြည်နယ်ဝန်ကြီးချုပ်က ဒေသနေပြည်သူများနှင့် ဝန်ထမ်းများ စာပေဖတ်ရှုလေ့လာမှု ပိုမို အားကောင်းလာစေရေး စည်းရုံးဆောင်ရွက်ကြရန်၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်း ပိုမို့တိုးချဲ့ လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ ရေရှည်အသုံးပြု နိုင်ရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ရုံးသို့သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ဖြင့်ဆောင်ရွက်ထားရှိသည့် လွိုင်ကော်စာပေ စာအုပ်အရောင်းဆိုင် ဖွင့်လှစ်ထားရှိမှုနှင့် ပြည်နယ်ရုံး ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက ဝန်ထမ်းများ ထမ်းဆောင်နေမှုအခြေအနေ၊ စာအုပ်အရောင်းဆိုင်လုပ်ငန်း လည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်စာပေ စာအုပ်အရောင်းဆိုင်အား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး  လိုအပ်သည်များပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။