Skip to main content
x

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့တွင်း ဦးသီရိလမ်း ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် ၊   ဦးသီရိလမ်း ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  ကယားပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် အဆင့်မီမြို့တွင်းလမ်းများ ဖြစ်လာစေရေး ဘဏ္ဍာနှစ် အလိုက် ကတ္တရာကွန်ကရစ်(AC)လမ်းများ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ၎င်းအပြင် သစ်သားတံတားများနေရာတွင် သံကူ ကွန်ကရစ်တံတားများ တည်ဆောက် ပေးခြင်း၊ လမ်းအဆင့်အတန်းနှင့်လျော်ညီစွာ တံတားများချဲ့ထွင်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊  ယနေ့တွင် လွိုင်ကော်မြို့တွင်း ဦးသီရိလမ်း ကတ္တရာ ကွန်ကရစ်(AC)လမ်း ဖွင့်လှစ်ပေးနိုင်ခဲ့၍ လမ်းဦးစီးဌာနမှ ကာယညာဏ ဝန်ထမ်းများ၊ လုပ်ငန်းတင်ဒါ ကုမ္ပဏီများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့် ဒေသခံပြည်သူများ ၊ ဌာနဆိုင်ရာ အသီးသီးတို့ကို ကျေးဇူးတင် ဂုဏ်ပြုကြောင်းနှင့် အဆင့်မြှင့်တင်ခဲ့သော လမ်းများ ကိုရေရှည်အသုံးပြုနိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် လိုအပ် ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် လွိုင်ကော်မြို့တွင်း(ဦးသီရိလမ်း)ကတ္တရာကွန်ကရစ်(AC)လမ်းဖွင့်လှစ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများကိုယ်စား လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်နေ ဦးထွန်းအောင်ကျော် ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် လွိုင်ကော်မြို့တွင်း (ဦးသီရိလမ်း) ကတ္တရာကွန်ကရစ်လမ်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် က အကအဖွဲ့ကျောင်းသူများနှင့် ဖဲကြိုးကိုင် ကျောင်းသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး (ဦးသီရိလမ်း) ကတ္တရာကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ပေးထား သည့်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် တိုင်းရင်းသား ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဘက်ပေါင်းစုံ ကဏ္ဍစုံမှကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဖွင့်လှစ်သည့် လမ်းအပါအဝင် ကတ္တရာကွန်ကရစ်(AC)လမ်း စုစုပေါင်း မိုင်အရှည်  ၂၃ မိုင် ၈ ဖာလုံခန့်အား ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။