ကယားပြည်နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ( ၉/၂ဝ၂၂) ကျင်းပ
ကယားပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ၎င်းတို့ကို အခြေခံသော ကုန်ထုတ်လုပ်မှုများ စဉ်ဆက်မပြတ် တိုးတက်စေရေး အထောက်အကူ ပြုစေရန် ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများကို စိုက်ပျိုး မွေးမြူရေး အစုအဖွဲ့များထံသို့ ပထမအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြော
ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ အစုအဖွဲ့လိုက် ဆောင်ရွက်မည့် အစီအစဉ်များ ချေးငွေထုတ်ပေးမှုများ၊ ချေးငွေထပ်မံ လျှောက်ထားမှု များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။