Skip to main content
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်ကြောင့်ဖြစ်ပွား တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်ရည်ရွယ်၍ အပတ်စဉ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့တို့က ကုတင်(၅၀၀)ဆံ့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး ပရဝုဏ်အတွင်းရှိ အမှိုက်များအားရှင်းလင်းခြင်း ၊  အန္တရာယ်ရှိသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ ခြင်ပေါက်ပွားမှုမရှိရေးအတွက် ခြုံနွယ်များရှင်းလင်းခြင်း ၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းလုပ်ငန်းများအား ပြည်သူများ၏ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းမှ စောင့်ရှောက်ပေးနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။