Skip to main content
x

၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၂ ခုနှစ် ၊ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအသက် (၂၅)နှစ်အောက် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အားကစားဝါသနာရှင် များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အား ပြိုင်ဝင်အသင်းများက အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် အားကစားဆိုင်ရာ မူဝါဒလမ်းညွှန် ချက်များနှင့်အညီ ကယားပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားလာစေရန်အတွက်  ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ပြည်နယ်၏ အားကစား အဆင့်အတန်း မြင့်မားလာ စေရေးနှင့် အားကစား ထူးချွန်သူလူငယ်များ  စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊  ပြည်နယ်ဖူဆယ် လက်ရွေးစင် အသင်းအတွက် အရည်အချင်းပြည့်ဝသည့် အားကစားသမားကောင်းများစိစစ် ရွေးချယ်သွား မည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ပြိုင်ပွဲ၏ စည်းမျဉ်း ၊ စည်းကမ်းများ နှင့်အညီ အားကစားစိတ်ဓါတ် အပြည့်အဝမွေးမြူ၍ ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းတွင် အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ဖူဆယ်အားကစား အသင်းသားများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲဝင်အသင်းသားများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကယားပြည်နယ် မိုးရာသီဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ( ၁၂ ) သင်းပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြိုင်ပွဲအား  ဇူလိုင်လ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။