Skip to main content
x

လွိုင်ကော်မြို့စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ စတုတ္ထနေ့  ဖြေဆိုခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ  ပါဠိပထမပြန်စာမေးပွဲများဖြစ်သည့် ပထမကြီးတန်းဘာသာရပ်တွင် သံဃာတော် ၂၆ ပါး စာရင်းပေးသွင်းထားပြီး ၂၀ ပါး ဝင်ရောက်ဖြေဆိုကြောင်း ၊ ပထမလတ်တန်းဘာသာရပ်တွင် သံဃာတော် ၅၁ ပါး စာရင်းပေးသွင်းထားပြီး ၃၆ ပါးဝင်ရောက်ဖြေဆိုကြောင်း ၊ ပထမငယ်ဘာသာရပ်တွင် သံဃာတော် ၉၆ပါး စာရင်းပေးသွင်းထားပြီး ၇၁ ပါးဝင်ရောက်ဖြေဆိုကြောင်း ၊ အခြေပြုမူလတန်း ဘာသာရပ်တွင် သံဃာတော် ၉၂ ပါး စာရင်းပေးသွင်းထားပြီး ၆၀ ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်း နှင့် ယနေ့တွင် ဘာသာရပ်အလိုက် ဖြေဆိုရန် သံဃာတော်စုစုပေါင်း ၂၆၅ ပါး စာရင်းပေးသွင်းထားပြီး ၁၈၇ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။
စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဆရာတော်များ ၊ ပြည်နယ်သာသနာရေးမှူးနှင့် တာဝန်ရှိသူများက စာဖြေကာလအတွင်းနေ့စဉ် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့မှ  စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား နေ့စဉ် ဆွမ်းဆက်ကပ် လှူဒါန်းပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေးဌာန အနေဖြင့်လည်း စာဖြေသံဃာတော် များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။