ဒေါတမကြီးကျေးရွာ
ဒေါတမကြီးကျေးရွာ
ဒေါတမကြီးကျေးရွာသည် ဒီးမော့ဆိုမြို့နယ်အတွင်း တည်ရှိပြီး လွိုင်ကော်မြို့မှ (၃၉)မိုင် ၊ မော်တော်ယာဉ်ဖြင့် (၁)နာရီနှင့် (၄၅)မိနစ်ကျော် သွားရောက်ရပါသည်။ ကယားလူမျိုး များ နေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပါသည်။ကျေးရွာအတွင်းရှိ ကယားရိုးရာအိမ်များ၊ နတ်ဆရာ အိမ်နှင့် ကျေးရွာအပြင်ဘက်ရှိ စပါးသိုလှောင်ထားသည့် အိမ်များသည် ခရီးသွားပြည်သူများ အတွက် ဆွဲဆောင်နိုင်သည့် ကျေးရွာ ဓလေ့များဖြစ်ပါသည်။ ကယားရိုးရာ ဝတ်စာဆင်ယင်မှုနှင့် ရိုးရာယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားမှုကို တွေ့မြင်လေ့လာနိုင်ပါသည်။