အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အတွင်း မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်တွင်း စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ နှင့်အတူ ရေနီကန်ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် ကြက်ကောင်ရေ (၂၅၀၀) ဆံ့ ဥစားကြက် မွေးမြူရေးခြံ (၂)ခြံတွင် ဥစားကြက်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ် က သတ်မှတ်ကြက်ကောင်ရေ ပြည့်မီစွာထည့်သွင်းမွေးမြူနိုင်ရေးနှင့် တိရစ္ဆာန်ရောဂါများ ဖြစ်ပွားကျရောက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 
ဆက်လက်၍ စံပြသရုပ်ပြအသားတိုးဝက်မွေးမြူရေးခြံ၌ DYL အသားတိုးဝက်မျိုးမွေးမြူ ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အသားများဖူလုံပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများတွင် ယခုထက်ပိုမို၍ တိုးတက်မွေးမြူ နိုင်အောင် လုပ်ငန်းရှင်များဖိတ်ခေါ်စည်းရုံး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက်ပျားဘုရင်မ မွေးမြူရေးစခန်းတွင် ပျားများမွေးမြူ ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျားမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရေး၊ နေကြာစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်စေရေး အတွက် ပျားအိမ်များကို နေကြာစိုက်ခင်းများအတွင်း ထားရှိနိုင်ရေး၊ ပျားစာလုံလောက်မှုရှိစေရေးနှင့် ပျားရည်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆင့်မြင့်သီရိမင်္ဂလာဈေးသို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ဘဏ္ဍာ‌ရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ၂၂၅ ပေ x ၃၀ပေ Steel Structure နှစ်ထပ် ဈေးရုံများ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက  ဈေးသစ်(တတိယ)ပိုင်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင် ဆောင်ရွက်သွားရန်၊ အရည်အသွေး စစ်ဆေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် မီးသတ် ရေငုတ်များ ပြည့်စုံအောင်ထည့်သွင်းဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး ဈေးရုံများအတွင်း ရောင်းဝယ်ဖောက်ကားနေမှုကို လှည့်လည် ကြည့်ရှုအားပေးကာ ဈေးသူဈေးသားများနှင့် ဈေးဝယ်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။