အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့တွင် လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်တည်ဆောက်ရေးနှင့် သီရိမင်္ဂလာဈေးသစ်(တတိယပိုင်း)တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် လွိုင်ကော်လေဆိပ် အရေးကြီးပုဂ္ဂိုလ် နားနေဆောင် တည်ဆောက်နေမှုနှင့်  သီရိမင်္ဂလာဈေးသစ် (တတိယပိုင်း) တည်ဆောက်နေ မှုများကို ကြည့်ရှုစစ်ဆေးသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အရေးကြီးပုဂ္ဂိုလ် နားနေဆောင် (၆၈ ပေx ၃၆ ပေ x ၁၅ ပေ) RC တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများဖြစ်သည့် ရေစင်၊ ရေစုကန်၊ မိလ္လာကန်၊ ယာဉ်ရပ်နားရန်နေရာ၊ အတွင်းအုတ်ခြံ စည်းရိုး၊ ကွန်ကရစ်လမ်း တည်ဆောက်ခြင်းနှင့် မြေယာအလှပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နိုင်ရေးနှင့် သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် သီရိမင်္ဂလာဈေးသစ်(တတိယပိုင်း) Steel Structure တစ်ထပ် ဈေးရုံ ၁၄ ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ Steel Structure နှစ်ထပ် ဈေးရုံ ၄ ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့က လုပ်ငန်းအပိုင်းအလိုက် စဉ်ဆက် မပြတ်စစ်ဆေးရန်၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဈေးရုံအတွင်း ရှိ ဆိုင်ခန်းများနှင့် ပျံကျဈေးအတွင်းရှိ သားငါးတန်းများတွင် ရောင်းဝယ်ဖောက်ကားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ဈေးသူဈေးသားအားများ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။