အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့်စားသုံးဆီများ ပေးအပ် ၊ ဘောလုံးပွဲကြည့်စင် ပြုပြင်မွမ်းမံပြီးစီးမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (လွိုင်ကော်)သို့ သွားရောက်ကာ သင်တန်းသား ၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ထပ်ဆောင်းထောက်ပံ့ငွေ ၊ ဆန်နှင့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ အားကစားနည်းအလိုက် သင်တန်းသား ၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက် ဂါရဝပြု နှုတ်ဆက်စကားပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ၊ ပညာရေး ၊ ကျန်းမာရေးအဆင့် အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များ ကိုပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့က သင်တန်းသား ၊ သင်တန်းသူများ အဟာရ အစားအစာများ ဖြည့်စွက်ကျွေးမွေးနိုင်ရန်အတွက် ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ပြီး လိုအပ်သည် များကိုလည်း ထပ်မံဖြည့်ဆည်းထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၊ သင်တန်းသား ၊ သင်တန်းသူ များက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားကြစေလို ကြောင်း၊ ပြည်နယ်အတွက် အရည်အချင်း ပြည့်၀သည့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ်ထူးချွန် အားကစားသမားများ ပေါ်ထွက်လာ စေရန် ဆရာ၊ ဆရာမများ ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ၊ သင်တန်းသူများအတွက် ထပ်ဆောင်း ထောက်ပံ့ငွေများ ၊ ဆန်နှင့်စားသုံးဆီများပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် သင်တန်းသား ၊ သင်တန်းသူ ကိုယ်စားလှယ်(၂)ဦးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကျောင်းဝန်းအတွင်း  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့်  ဘောလုံးပွဲကြည့်စင်များ ပြုပြင်မွမ်းမံ တည်ဆောက်ပြီးစီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။