အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့ များမှလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင်  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူများ၏ စားရေးအတွက် အဓိကကျ သည့်ဆန် ၊ ဆီနှင့် အခြေခံစားသောက် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်ရေးကို ကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အတွင်းရှိ လူဦးရေအပေါ်မူတည်ပြီး  အခြေခံစားကုန်တစ်မျိုးစီ၏ စားသုံးမှုလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆ၍ ဖူလုံလောက်ငှမှုနှင့် လိုအပ်ချက်ကိုစနစ်တကျစိစစ်သုံးသပ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကုန်ဈေးနှုန်း တည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၊ အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် လိုအပ်သည့်ပံ့ပိုးမှုများပေးပြီး စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့ကို အားပေးရမည်ဖြစ်ကြောင်း ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိရောက်သည့် နည်းလမ်းများကို အသုံးပြုကာ သက်ဆိုင်ရာ ကော်မတီဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပုဂ္ဂလိက အသင်းအဖွဲ့များက ပူးပေါင်းအကောင်ထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။       

ဆက်လက်၍ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူ ၊ အဖွဲ့ဝင်များဖြစ်သော ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ၊ ပြည်နယ်သမဝါယမဦးစီးဌာန ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန ၊ ပြည်နယ် ရဲတပ်ဖွဲ့ ၊ ပြည်နယ်ဗဟိုစာရင်းအင်းမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ လုပ်ငန်းရှင်များက ကဏ္ဍအလိုက်  အသီးသီးဆွေးနွေး တင်ပြခဲ့ကြပြီး  ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမူများအပေါ် ညှိနှိုင်းပေးစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။