အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်များမှ တောင်သူများအား သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ကယားပြည်နယ် ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်များမှ တောင်သူများအား သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများအား သက်သာသော နှုန်းထားဖြင့် ရောင်းချပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ် များမှတောင်သူများ တက်ရောက်ခဲ့ ကြသည်။

          ရှေးဦးစွာ ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများမှ တောင်သူများက မိတ်ဆက်စကား ပြောကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုး ၊ မွေးမြူရေး လုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်ရန်  အဓိကလိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ၊ ဌာနဆိုင်ရာအသီးသီး အနေဖြင့်လည်း တောင်သူများ နှင့်စဉ်ဆက်မပြတ် ထိတွေ့ပြီး စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက် နှုန်းရရှိစေရေးနှင့် ဒေသအတွင်းပိုလျှံသည်အထိ စိုက်ပျိုးမွေးမြူ ထုတ်လုပ်နိုင်ရေးအတွက် လယ်ယာသုံးစက်ပစ္စည်းများ ၊ မျိုးကောင်း မျိုးသန့်များနှင့် လုပ်ငန်း အထောက်အကူပြု ပစ္စည်းများ ၊ ခေတ်မီနည်းစနစ်များ အသုံးချ နိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုကြောင်း ၊ တောင်သူများအနေဖြင့်လည်း မိရိုးဖလာလုပ်ငန်းအဆင့်မှ ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက်  တောင်သူများအတွက် ကူညီဆောင်ရွက်ပေးမည့် အကြောင်းအရာများနှင့် ခေတ်မီနည်းစနစ်များ အသုံးပြု၍ ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်များမှ တောင်သူများအား သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများအား သက်သာသောနှုန်းထားဖြင့် ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာ ကျေးရွာများမှ တောင်သူများက လက်ခံရယူခဲ့ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၎င်းနောက် တောင်သူများက သိလိုသည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ကသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် ခေတ်မီစပါးစိုက်ပျိုးနည်းစနစ်များ ၊ ဒေသထွက် သဘာဝမြေဩဇာ နှင့်ယူရီးယား မြေဩဇာထုတ်ကုန်များ ၊ စက်မှုလယ်ယာသုံး ခေတ်မီ စက်ပစ္စည်း များကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။