အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်

၂၀၂၃ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)ပရိဝုဏ်အတွင်းကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ  နှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များ ကိုဖြန့်ဝေပေးအပ်ရာ အခြေခံပညာဦးစီးဌာန ၊ ပြည်နယ်ပညာရေးမှူး ၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချိကယ်)မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီးသစ်ပင် စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ ၊ ကြီးမြန်သစ်မျိုးများ ၊ အရိပ်ရသစ်မျိုးများ ပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၀၀၀၀)ကို ပျိုးထောင်ထားပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်တွင် အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း ၊ ထင်းရှုး ၊ ကံ့ကော် ၊ မဟော်ဂနီ ၊ ခါတော်မီ ၊ ခရေ ၊ စိန်ပန်းကလေး ၊ ဆီသပြေ ၊ ဝါးဘိုးဝါး စသည့်သစ်မျိုး(၉)မျိုး စုစုပေါင်း (၃၀၀)ပင်ကို သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား(၃၀၀)ကျော်တို့က ပျော်ရွင်စွာဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။