အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်  လွိုင်ကော်လေဆိပ်ဝန်းကျင် ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ လေဆိပ်ပရဝုဏ် သန့်ရှင်းသာယာစေရေးအတွက် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လေဆိပ်အပါအဝင် အများပြည်သူ အသုံးပြုသည့်နေရာများ ၊ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများ နှင့် ရပ်ကွက်ကျေးရွာအပါအဝင် မြို့သန့်ရှင်းသာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်း နှင့် မယ်စဲ့မြို့နယ်များရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင်လည်း  ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။