ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ပြုလုပ်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်က လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များသို့ လှည့်လည်သွားရောက်ကာ သက်ဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ဌာနဆိုင်ရာရုံးများ ၊ ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများ ၊ စာသင်ကျောင်းပရိဝုဏ်များအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာရုံးများ ၊ စာသင်ကျောင်းများ နှင့် ရပ်ကွက်ကျေးရွာအပါအဝင် မြို့သန့်ရှင်းသာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်း နှင့် မယ်စဲ့မြို့နယ်များတွင်လည်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်း လုပ်ငန်းများ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းသိရသည်။