အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်  ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန ၊ ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်တွင် “ကျောင်းအနေရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” နှိုးဆော်စာပါ မြေစိုက်ပိုစတာအတိုင်း တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများကို ၂၀၂၂ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသူ/ကျောင်းသားများအား ကျောင်းအပ်နှံရာတွင် မိမိနေထိုင်သည့် မြို့နယ်ဒေသများတွင် ကျောင်းအပ်နှံကြရမည် ဖြစ်သော်လည်း မိမိသွားလာရေး  အဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာ ကျောင်းများတွင် အပ်နှံနိုင်ရေးအတွက် အဆင်ပြေအောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ကျောင်းသား ၊ ကျောင်းသူများကို လာရောက်ကျောင်းအပ်နှံသည့် နေ့ရက်များတွင် ကျောင်းသုံးဖတ်စာအုပ်များ ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေ သွားမည်ဖြစ်ကြောင်း၊ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ကြောင်း ၊ ယခုပညာသင်နှစ်၌ Grade-5 ၊ Grade-8 ၊ Grade-11 အတန်းများကို စနစ်သစ် သင်ရိုးဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း ၊  ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်း သင်ရိုး Grade-6 မတက်ရ သေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်းပြန်လည် သင်ကြားပေးမည်ဖြစ်ကြောင်း ၊ အခြေခံပညာကျောင်းများ အား ဇွန်(၂)ရက်မှစပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။