အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ လွိုင်ကော်မြို့၌ ဆင်ယင်ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ ဧပြီလ ၃၀ရက်နေ့တွင် စတင်ဆင်ယင် ကျင်းပပြုလုပ် ခဲ့ပြီး ယနေ့တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဘာသာရပ် (ပထမနေ့)ကို စာဖြေသံဃာ ၂၂ ပါးက ဖြေဆိုလျှက်ရှိရာ မေလ ၁၃ ရက်နေ့ထိ ပြည်နယ်အတွင်းမှ ပထမပြန် စာမေးပွဲအတွက် စာဖြေသံဃာ ၂၆၅ပါးနှင့် ဓမ္မစရိယစာမေးပွဲအတွက် စာဖြေသံဃာ ၄၃ပါး ၊ စုစုပေါင်း စာဖြေသံဃာ ၃၀၈ပါးက လွိုင်ကော်မြို့စာဖြေဌာနတွင် နေ့အလိုက် ဘာသာရပ်အသီးသီးကို ဖြေဆိုသွားမည်ဖြစ်သည်။
အဆိုပါစာမေးပွဲကို ဗုဒ္ဗဘာသာ ပရိယတ္တိ သာသနာထွန်းကားပြန့်ပွားစေရန် ၊ ပြည်နယ်အတွင်းရှိ စာသင်သား ရဟန်းသာမဏေများအနေဖြင့် ဗုဒ္ဗတရားတော်များကို ကျယ်ပြန့်လေးနက်စွာ လေ့လာဆည်းပူးသင်ယူနိုင်စေရန်နှင့် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် စာဖြေသံဃာတော်များအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်သာသနာရေးမှူး ဦးအောင်ကြည်က လက်ခံရယူခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။