အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့ ၊ နည်းပညာတက္ကသိုလ် (GTC)ကျောင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ လွိုင်ကော်မြို့ ၊ နည်းပညာတက္ကသိုလ် (GTC)ကျောင်း၌ လွိုင်ကော်တပ်နယ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ နှင့် စည်ပင်သာယာရေးအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ ၊ ကျောင်းအဆောက် အဦရှိ စာသင်ခန်းများနှင့် ပြန်လည်ပြုပြင်ပေးရမည့် အဆောက်အဦများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ် (GTC)ကျောင်း ပြန်လည်ဖွင့်လှစ်မည့် မေလ ၁၂ ရက်နေ့တွင် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားခွင့် ရရှိနိုင်ရေးအတွက် သင်ကြားရေးအထောက်အကူပစ္စည်းများ ၊ စာသင်ခန်းမများ ၊ အိပ်ဆောင်များ နှင့် စားသောက်ခန်းများကို ကြိုတင်ပြင်ဆင်ထားရှိရန် ၊ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၊ သင်ကြားရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး နည်းပညာတက္ကသိုလ် (GTC)ကျောင်းရှိ ဆရာ ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ ကြောင်းသိရသည်။