အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၂) သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားပြုလုပ်

ပညာရေးဝန်ကြီးဌာန ၊ ဆရာအတတ်သင်ပညာဦးစီးဌာန ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ B.Ed  စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂)သင်တန်းသား ၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ ၊ နေ့လည် ၂  နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ၊ နိုင်ငံတော် တည်ဆောက်ရေးတွင် စိတ်ဓါတ်ကောင်းမွန်ပြီး စည်းကမ်းလိုက်နာတတ်သည့် အတွေးအခေါ်အယူအဆ မှန်ကန်သော အသိပညာ၊အတတ်ပညာများ ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနိုင်ရန် ဆရာ၊ဆရာမတို့၏ အခန်းကဏ္ဍသည် အလွန်အရေးပါလျက်ရှိရာ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြဆရာ၊ဆရာမများ  ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်သင်တန်းကို ပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၊ သင်တန်း တက်ရောက်ကြမည့် ဆရာ၊ဆရာမများအနေဖြင့် သင်တန်းကာလအတွင်း ဘာသာရပ်အသီးသီးကို စာတွေ့၊လက်တွေ့ သင်ယူရာတွင် မိမိတို့၏အရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် အပြည့်အဝ လေ့လာမှတ်သားရန်ဖြစ်ကြောင်း ၊ ကျောင်းသား၊ကျောင်းသူများအား အရည်အချင်း ပြည့်ဝသည့် ပညာရေးကို သင်ကြားပေးနိုင်ရေးအတွက် မိမိတို့၏ အရည်အသွေးကို အစဉ်မြှင့်တင်ရန် ကြိုးစား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊  နိုင်ငံတည်ဆောက်ရေးတွင် ပညာရေးကဏ္ဍသည် အရေးပါကြောင်း ၊ ကျောင်းသား၊ကျောင်းသူများကို ပြုစုပျိုးထောင်ပေးရုံသာမက ရပ်ရွာလူထုကိုပါ ဦးဆောင်နိုင်စွမ်းရှိရမည် ဖြစ်ကြောင်း ၊ ပညာရေးကဏ္ဍတွင်သာမကဘဲ ကျန်းမာရေး၊ လူမှုရေးများ နှင့်  ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး တို့မှာလည်း ကျရာအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ပြီး လူထုအကျိုးပြုရမှာဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုး တို့က သင်တန်းသား / သင်တန်းသူ ဆရာ၊ဆရာမ များအား  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် ၊ ပညာရေးဘွဲ့ B.Ed  စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂)သို့ တက်ရောက်သည့် ဆရာ၊ဆရာမများ အတွက် ထောက်ပံ့ငွေ နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ပေးအပ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ သင်တန်းသို့တက်ရောက်မည့် သင်တန်းသား ၊ သင်တန်းသူ ဆရာ ၊ ဆရာမ (၂၀၉)ဦးအား သင်တန်းကာလအတွင်း နံနက်စာနေ့စဉ်လှူဒါန်း ပေးသွားမည်ဖြစ်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါသင်တန်းသို့တက်ရောက်မည့် ဘောလခဲခရိုင်အတွင်းရှိ သင်တန်းသား ၊ သင်တန်းသူ ဆရာ ၊ ဆရာမများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် လွိုင်ကော်မြို့သို့ ပို့ဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။