အဓိကအကြောင်းအရာသို့ သွားမည်
x

အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

၁၃၈၄ခုနှစ် ၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီအချိန်က လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၀)ဦးအား ရှိခိုးကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် မှ ဦးဆောင်၍ အဘိုး ၊ အဘွားများအား လှူဒါန်းပစ္စည်းများ ၊ လှူဒါန်းငွေများ ၊ အားဆေးများနှင့် ဆေးရည်စိမ် ခြင်ထောင်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကန်တော့ခံအဘိုး ၊ အဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဩဝါဒဆုပေးစကား ပြောကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် အဘိုး ၊ အဘွား (၁၃၁) ဦးအား တာဝန်ရှိသူများက ဆက်လက်၍ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပြီး ယနေ့လှူဒါန်းသည့် လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမှာ စုစုပေါင်း (၁၈၁)ဦးဖြစ်ကြောင်းသိရသည်။