အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးအား ရေသပ္ပါယ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးအား ရေသပ္ပါယ် ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆နာရီခွဲအချိန်က လွိုင်ကော်မြို့ ၊ မင်္ဂလာရပ်ကွက် ၊ မိုးကောင်းမဟာမြတ်မုနိဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည် ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဆရာတော် ဘဒ္ဒန္တပညာစက္က (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ) အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို အဓိဋ္ဌာန်ပြု၍ ဒါန၊သီလ ၊ ဘာဝနာ ကုသိုလ်ယူဆည်းပူးခဲ့ကြသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးကောင်း မဟာမြတ်မုနိဘုရားကြီးနှင့် ဂြိုလ်နံဘုရားများအား အမွှေးနံ့သာများဖြင့် ရေသပ္ပါယ်ပူဇော်ခဲ့ ကြကြောင်းသိရသည်။