အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လွိုင်ကော် မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ် အတွင်းရှိ ထေးသမရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ ၊ ပန်းခင်းစီမံချက်များ ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ထေးသမရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား
(၁၀)နှစ်ပြည့် လာရောက်လျှောက်ထားသူ (၃၄)ဦး၊ (၁၈)နှစ်ပြည့် လဲလှယ်​ ​ေလျှာက်ထားသူ (၆)ဦးနှင့်  အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားသူ အိမ်ထောင်စု(၂)စု  တို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။