အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ် ၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ၊ ကျောင်းအပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၂-၂၀၂၃ပညာသင်နှစ် ၊ တက္ကသိုလ် ၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ၊ ကျောင်းအပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခြေခံကျသော ပညာရေးကဏ္ဍ မြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ် ဘဝသာယာလှပစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ် ၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို  ပြည်နယ်အတွင်း၌ သတ်မှတ်ရက်များအလိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ စီမံအုပ်ချုပ်ရေးနှင့် သင်ကြားရေးကို တာဝန်ယူနေရသော ဆရာ၊ဆရာမများနှင့် ပညာသင်ကြားမည့် ကျောင်းသား ၊ ကျောင်းသူများ စိတ်အေးချမ်းစွာ သင်ကြားခွင့်နှင့် သင်ယူခွင့် ရရှိနိုင်စေရေးအတွက် ဆရာ ၊ မိဘ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ စာသင်ကျောင်းများ လုံခြုံရေးနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေး ၊ ကျောင်းအဆောက်အဦများ ကောင်းမွန်စေရေး နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက်လည်း ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ် ၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ၊ ကျောင်းအပ်နှံရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် တက္ကသိုလ် ၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများက ကျောင်းများဖွင့်လှစ်နိုင်ရေး နှင့် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ၊  ဝန်ကြီးများက ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်း ဆောင်ရွက်မည့် အချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။