အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ ၊ ဂုဏ်ထူးဆောင် ဆုပစ္စည်းများ နှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော် အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်သော နိုင်ငံဖြစ်စေရန် အတွက် နိုင်ငံတော်အစိုးရက ဘက်စုံကဏ္ဍစုံ ဆောင်ရွက်နေချိန်တွင် ပြည်နယ်၏ ဆောင်ရွက်ချက်များသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း ၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်နယ်နှင့် ပြည်သူများ အကျိုးအတွက် ကျရာအခန်းကဏ္ဍမှနေ၍ ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သူများအား စီမံခန့်ခွဲရေးဆိုင်ရာ ၊ လူမှုရေးဆိုင်ရာ ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုများ အဆင့် အလိုက်သတ်မှတ်ပြီး စုစုပေါင်း (၅၆) ဦးကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း ၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ ၊ လူမှုရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ဂုဏ်ထူးဆောင် ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များ ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။