အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ပြည်နယ်အစိုးရအဖွဲဝင်​လူမှုရေးရာ ဝန်ကြီးကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် အသက်(၁၀)နှစ် ပြည့်ပြီးသော ပြည်သူများ ဉပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခွင့်ကို ရရှိစေရန်ရည်ရွယ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်း၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအနေဖြင့် ဉပဒေနှင့်အညီ ကိုင်ဆောင်သင့် သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး မှ ကျောင်းသား ကျောင်းသူများအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဉပဒေနှင့်အညီမြန်ဆန်စွာ ရရှိရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ပေးခဲ့ပြီးယနေ့တွင်ကျောင်းသား/​ကျောင်း သူ(၁၃၀)ဦးခန့်အားဆောင်ရွက်ပေးခဲ့ပြီး​နေ့စဥ်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။