အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့နယ်အတွင်း Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

    လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟူသော နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့်အညီ အသက်(၁၈)နှစ်ပြည့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတမြို့၊ လောဓလေးကျေးရွာအုပ်စု၊ မိုက်ကန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ပါ      သည်။ 
    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုများအလိုက် ရပ်ကွက်၊ ကျေးရွာများအရောက် Mobile စနစ်ဖြင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ လောဓလေးကျေးရွာအုပ်စု၊   မိုက်ကန်းကျေးရွာအတွင်းရှိ  ကာကွယ်ဆေးတစ်ကြမ်မျှ ထိုးနှံခြင်းမရှိသေးသည့်ပြည်သူများ၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံ ပြီးသည့်ပြည်သူများနှင့် သတ်မှတ်ကြိမ်ရေပြည့်ပြည်သူများ စုစုပေါင်း(၃၉၁)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား လွိုင်ကော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုးကျော် နှင့် အဖွဲ့ဝင်ဗိုလ်မှူးမိုးဝင်းထက် တို့က သွားရောက်ကြည့်ရှုပြီး ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ပြည်သူအား နှာခေါင်းစည်း(Mask)(၇၀၀)ခုအား အခမဲ့ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။