အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား ၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် လွိုင်ကော်မြို့နယ်၊ ဒေါတမရပ်ကွက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုများကို လွိုင်ကော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကာကွယ်ဆေးများကို အောက်တိုဘာ ၁၇ ရက်နေ့မှ အောက်တိုဘာ ၁၈ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကာ အောက်တိုဘာ ၁၈ ရက်နေ့တွင် သတ်မှတ်ထားသည့် စုရပ်(၃)နေရာ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်းအဆင့် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။