အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ချိကယ်ကျေးရွာအုပ်စု နှင့် လွိုင်လင်လေးမြို့တို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ ၊ ပန်းခင်းစီမံချက်များဆောင်ရွက်ပေးသည့် လုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ချိကယ်ကျေးရွာအုပ်စုအတွင်းရှိ အမတ (၃၅၆) တပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက်လျှောက်ထားသူ (၃၂)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားသူ အိမ်ထောင်စု(၇)စု ၊ လွိုင်လင်လေးမြို့ရှိ ခမရ (၅၃၀) တပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက် လျှောက်ထားသူ (၂၆)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားသူ အိမ်ထောင်စု(၄)စုတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။