အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆန် ၊ ဆီ၊ ပဲများနှင့် Covid Center များသို့ ရေသန့်၊ အားဖြည့်အချိုရည်၊ ဓာတ်ဆား (Royal D)၊ လက်အိတ်၊ လက်သန့်ဆေးရည်များ ထောက်ပံ့လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသည် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆန် ၊ ဆီ၊ ပဲများနှင့် Covid Center များသို့ ရေသန့်၊ အားဖြည့်အချိုရည်၊ ဓာတ်ဆား (Royal D)၊ လက်အိတ်၊ လက်သန့်ဆေးရည်များအား  သွားရောက် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင် နှင့်ဝန်ထမ်းများက  လွိုင်ကော်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များဖြစ်သည့် ဒေါဉခူရွှေကျင် ပရိယတ္တိစာသင်တိုက် ၊ ရွှေတောင် ပရိယတ္တိစာသင်တိုက် ၊ ပုဗ္ဗါရုံပရိယတ္တိစာသင်တိုက်၊ မဟာမဂ္ဂင်ပရိယတ္တိစာသင်တိုက်၊ ရတနာသီရိပရိယတ္တိစာသင်တိုက်တို့၌ ဆန် ၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ၊ ညွှန်ကြားရေးမှူး  နှင့်ဝန်ထမ်းများက လွိုင်ကော်မြို့နယ်အတွင်းရှိ Covid Center များသို့ ရေသန့်၊ အားဖြည့်အချိုရည်၊ ဓာတ်ဆား (Royal D)၊ လက်အိတ်၊ လက်သန့်ဆေးရည်များ ထောက်ပံလှူဒါန်းခဲ့ရာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ သည်။

 အလားတူ ကယားပြည်နယ်အတွင်းရှိ ဘောလခဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ၊ ဖားဆောင်းမြို့ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှလည်း ပရိယတ္တိစာသင်တိုက်များနှင့် Covid Center များသို့  လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။