အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီသို့ လှူဒါန်းခဲ့သည့် Oxygen Generator ထားရှိမည့် အဆောက်အဦ(၂)လုံး တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီသို့ လှူဒါန်းခဲ့သည့် Oxygen Generator ထားရှိမည့် အဆောက်အဦ(၂)လုံး တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲ ၂ နာရီခွဲက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအံ့မော်က Oxygen Generator ထားရှိမည့် အဆောက်အဦ(၂)လုံး တည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Oxygen Generatorများ ထားရှိမည့် အဆောက်အဦ(၂)လုံး တည်ဆောက်မည့် မြေနေရာနှင့် ပတ်သက်၍ လွိုင်ကော်ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး (ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) ၊ ဦးစီးအရာရှိ ဦးဘိုဘိုလွင်က အဆောက်အဦတည်ဆောက်မည့် ပုံစံ(Drawing) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လွိုင်ကော်မြို့ ၊ ကုတင်(၅၀၀)ဆေးရုံကြီး  ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်လူမှုရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးထိန်ဝင်း ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီး ရဲမှူးကြီး မျိုးဆွေ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် နှင့် ဆေးရုံကြီးကြပ်မှုကော်မတီများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။