အဓိကအကြောင်းအရာသို့ သွားမည်
x

မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ ဖွင့်လှစ်သည့် မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲကို  ယနေ့နံနက် ၈နာရီခွဲက အဆိုပါ သင်တန်းကျောင်း ၊ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာအခြေခံသိုင်းသင်တန်း(၁/၂၀၂၁) သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာအကြီးအကဲများအား သင်တန်းသား ၊ သင်တန်းသူများက ဂါရဝပြုခဲ့ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိန်ဦးက ယခုသင်တန်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်တစ်ရပ် ဖြစ်သော မြန်မာ့သိုင်းပညာရပ်အား မြန်မာလူမျိုးတိုင်း သင်ကြားပေးစေရန် ညွှန်ကြားချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခြင်းလည်းဖြစ်သလို အားကစားနှင့်ကာယပညာသိပ္ပံသို့ တက်ရောက်နေကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြန်မာ့ရိုးရာ အားကစားနည်း ဖြစ်သော မြန်မာ့သိုင်းပညာရပ်အား အခြေခံမှစ၍ သင်ကြားတတ်မြောက်စေရန် ၊ မြန်မာ့သိုင်းပညာရပ်ကို ကျောင်းသား ၊ ကျောင်းသူများ သင်ကြားတတ်မြောက်ခြင်းဖြင့် ကာယ၊ ဉာဏ ၊ စာရိတ္တများ ဘက်စုံတိုးတက်ကောင်းမွန်လာစေရေး အထောက်အကူပြုစေရန် ၊ ကိုယ်လုံပညာရပ်ကို တတ်မြောက်ခြင်းဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာသိုင်းအခြေခံသင်တန်းမှ သင်ကြားပြသထားသော နည်းစနစ်များအား သရုပ်ပြသခဲ့ပြီး ထူးချွန်သင်တန်းသား ၊ သင်တန်းသူများအား သင်တန်းနည်းပြဆရာ(၂)ဦးက ခါးစည်းများ ပေးအပ်ခဲ့သည်။
 ဆက်လက်ပြီး ကယားပြည် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစောဟူးဟူးက သင်တန်းသား ၊ သင်တန်းသူများအား  သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ၊ ကယားပြည် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဥပဒေချုပ် ဦးကြည်မြိုင်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ၊ ကယားပြည် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစန်းဝေက ထူးချွန်သင်တန်းသား ၊ သင်တန်းသူ (၂)ဦးအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။