အဓိကအကြောင်းအရာသို့ သွားမည်
x

လွိုင်ကော်မြို့အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့ရွာသန့်ရှင်းသာယာလှပရေး ၊ ရေစီးရေလာ ကောင်းမွန်စေရေး ၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ အဆင့်မြှင်ပညာတက္ကသိုလ်များ နှင့် အခြေခံပညာကျောင်းများ ၊ ဝန်ထမ်း အိမ်ရာများ ၊  အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ တွင် အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည်  အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) နှင့် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများ ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ၊ ဆရာမများ က ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ ၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကာ သန်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေကြသူများ နှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်            ပေ ၇၀ X  ပေ ၃၀ (၂) ထပ်စာသင်ဆောင်အသစ် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ရက်အတွင်း အချိန်မှီပြီးစီးစေရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ကျောင်းသား ၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာ သင်ကြားနိုင်ရေးအတွက်စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် အဆိုပါ(၂)ထပ်စာသင်ဆောင်အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရသည်။