အဓိကအကြောင်းအရာသို့ သွားမည်
x

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးလွိုင်ကော်မြို့၌ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာ ကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ဌာနအသီးသီးက မူဝါဒများ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြည့်အဝ အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများ၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်အတွက်ရသင့် ရထိုက်သည့်အခွန်ငွေများ အပြည့်အဝ ကောက်ခံနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ဆီထွက်သီးနှံများကို ပန်းတိုင် ရည်မှန်းချက် ထွက်ရှိအောင် ဆောင်ရွက်၍ ဆီထုတ်လုပ်မှု ပြည်နယ်အတွင်းဖူလုံ၍ ပြင်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ပြည်သူများ အသိပညာ အတတ်ပညာ မြင့်မားလာစေရေးအတွက် ဘက်စုံပညာရေးကဏ္ဍ ၊ ကျန်းမာကြံ့ခိုင်ရေး အတွက်ကျန်းမာရေးနှင့် အားကစားကဏ္ဍ ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်အဓိကလူ့စွမ်း အားအရင်းအမြစ်များဖြစ်သော ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ် များကိုမွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောြကားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြမှုများ အပေါ်ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက် ပေးမည့်အခြေအနေများ ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍မှာကြားခဲ့ ကြောင်းသိရသည်။