အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို အခြေခံပညာကျောင်းများ၌ ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်နှင့် အဖွဲ့က အခြေခံပညာအထက်တန်းကျောင်း(နာနတ်တော) ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ထေးငှားလျား)နှင့် အခြေခံပညာအထက်တန်းကျောင်း(ပန်ကန်း) ကျောင်းများ၌ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများ ၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများက ကျောင်းဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ် နေမှုများ ၊ ကျောင်းအဆောက်အဦသစ်များ ဆောက်လုပ်ပြီးစီးမှု ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ပြုပြင်နေမှုများနှင့် စာသင်ခန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများအားလုံးနှင့် သက်မွေးပညာကျောင်းများ တွင်မေလ ၂၃ ရက်နေ့မှ စတင်ကျောင်းအပ်နှံနိုင်ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းစတင် ဖွင့်လှစ်မည် ဖြစ်၍ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး ၊ ကျောင်းအဆောက်အဦများ ဥပဓိရုပ်ကောင်းမွန်စေရေး ၊ စာသင်ခန်းများနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိနိုင်ရေးတို့အတွက် ဆရာ ၊ ဆရာမများက သက်ဆိုင်သည့် ဌာနများ ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြရန် ၊ ဆရာ ၊ ဆရာမများက သင်ကြားရေးနှင့် သက်ဆိုင်သောပညာရပ်များကိုလည်း ခေတ်စနစ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာထားကြရန်နှင့် စာသင်ခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်လမ်းညွှန် မှာကြားခဲ့သည်။
အလားတူပင် ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်း ၊ မယ်စဲ့မြို့နယ် အသီးသီးတို့၌ အခြေခံပညာကျောင်းများတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။