အဓိကအကြောင်းအရာသို့ သွားမည်
x

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့နှင့်  ၁၆ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ (၆)လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ ၊ ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှာ ကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး အဆိုပါ လမ်းညွှန်မှာကြားချက်များကို လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူပြီး သက်ဆိုင်ရာဌာနအသီးသီးက အလေးထားလိုက်နာ ဆောင်ရွက်ကြရန် ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်စီးပွားရေးလုပ်ငန်းများ ပြန်လည် တိုးတက်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဌာနဆိုင်ရာများက ညွှန်ကြားချက်များ ၊ မူဝါဒများနှင့်အညီ သတ်မှတ်ကာလအတွင်း ရည်မှန်းချက်ထားပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်းများကို Power Point ဖြင့် အသီးသီးဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအသီးသီးက ပြည်နယ်အစိုးရအဖွဲ့နှင့်လက်တွဲကာ ကဏ္ဍအသီးသီးတွင် လုပ်ငန်းများတိုးတက် အောင်မြင်အောင် ဆက်လက်အကောင် အထည်ဖော်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိဂုံးချုပ်စကား ပြောကြားခဲ့သည်။