အဓိကအကြောင်းအရာသို့ သွားမည်
x

၂၀၂၂ခုနှစ် ၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တက်ရောက်

၂၀၂၂ခုနှစ် ၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းဝန်းအတွင်း ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင် ၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာများ ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး ဂေဟစနစ် ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းရှိ အများပြည်သူများနှင့် သက်ဆိုင်သည့် ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ၊ ကျေးရွာပိုင် မြေလွတ်မြေလပ်များတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ကြောင်း ၊ ပတ်ဝန်းကျင် ၊ ရေ ၊ မြေ ၊ ရာသီဥတုအခြေအနေနှင့် သဟဇာတဖြစ်သော သစ်မျိုးများကို ဦးစားပေးစိုက်ပျိုးရန်နှင့် စိုက်သမျှ အပင်များ ရှင်သန်ရန် ရာသီအလိုက်ဆက်လက် ပြုစုထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း ၊ အနာဂတ်မျိုးဆက်သစ်များအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော သန့်ရှင်းကောင်းမွန်သော မြို့ပြများကို အမွေပေးနိုင်ရေး ၊ သက်ရှိလောက တည်မြဲရေးနှင့် ဇီဝမျိုးစုံ ထိန်းသိမ်းရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်သော လူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို ဖြန့်ဝေပေးအပ်ရာ ပညာရေးဒီဂရီကောလိပ် ၊ ကျောင်းအုပ်ကြီး ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ လွိုင်ကော်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး နှင့် ဒေသခံပြည်သူတစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြပြီး သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသူများက ပျော်ရွင်စွာ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များအတွက် ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့် အပင်များ ၊ ကြီးမြန်သစ်မျိုးများ ၊ အရိပ်ရသစ်မျိုးများ ပါဝင်သည့် လူထုဖြန့်ပျိုးပင် (၁၀၂,၅၀၀)ကို ပျိုးထောင်ထားပြီး ယနေ့မိုးရာသီ အကြို စုပေါင်းသစ်ပင် စိုက်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကံ့ကော် ၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ မဟော်ဂနီ ၊ ခရေ ၊ ခါတော်မီ ၊ သပြေဘူတ  စုစုပေါင်း ၆၀၀ ပင်ကို  သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်လာကြသည့် အင်အား (၂၅၀)ကျော်တို့က ပျော်ရွင်စွာဖြင့် စုပေါင်း  စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။