Skip to main content
x

လွိုင်ကော်မြို့တွင် ရက်ကန်းနှင့်အသက်မွေးပညာပညာသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ၊ သာမဏေများနှင့် သီလရှင် ဆရာလေးများအား လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ်

လွိုင်ကော်မြို့တွင် ရက်ကန်းနှင့်အသက်မွေးပညာပညာသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရက်ကန်းနှင့်အသက်မွေး ပညာပညာသင်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူများတက်ရောက်ကြ သည်။
ဦးစွာအခမ်းအနားတွင် ရက်ကန်းနှင့်အသက်မွေးပညာပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရက်ကန်းနှင့်အသက်မွေးပညာပညာသင်တန်းကျောင်း သင်တန်းသူများ အတွက် ပြည်နယ်အမျိုးသမီးရေးအဖွဲ့ နာယက က ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့ပြီး သင်တန်းများက “ကျေးဇူးတင်ပါတယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သင်တန်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှုပြီး  လက်ရက်ကန်း၊ စက်ရက်ကန်းများနှင့် စက်ချုပ်လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းကာလ ၆လ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသူ ၂၆ဦးတက်ရောက်သင်ကြားလျှက်ရှိသည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် မင်္ဂလာရပ်ကွက်၊ မဟာပုညကာရီသီလရှင်ကျောင်းသို့သွားရောက်၍ ကျောင်းရှိ သာမဏေများနှင့် သီလရှင်ဆရာလေးများအား ကျောင်းသုံးစာရေးကိရိယာများ၊ ဝတ္ထုငွေများ၊ စားသောက်ဖွယ်ရာများနှင့် ဖိနပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။